နယ်စပ်ဂိတ် စည်းမျဉ်းလျှော့ပေါ့ဖို့ ထိုင်းကုန်သည်အသင်း တောင်းဆို


2013.12.22

မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လွယ်ကူချောမောအောင် လျှော့ပေါ့ပေးရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကုန်သည်ကြီးများအသင်းက ထိုင်းအစိုးရကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအနီး နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို  ထိုင်းကုန်ပစ္စည်းတင် ထရပ်ကားတွေ ဖြတ်သန်းရာမှာ ကြန့်ကြာမှုတွေရှိနေတဲ့အတွက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးပမာဏ တိုးတက်နှုန်းထိခိုက်နေရတယ်လို့ ကန်ချနဘူရီခရိုင် ကုန်သည်ကြီးများအသင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အခုအခါ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောင်ရေးအတွက် ဘိလပ်မြေနဲ့ သံမဏိချောင်းတွေ တင်ဆောင်လာတဲ့ ထိုင်းထရပ်ကားတွေဟာ ကန်ချနဘူရီခရိုင်နဲ့ မြန်မာနယ်စပ်  စစ်ဆေးရေးဂိတ်တွေကို အသုံးပြုနေကြတာဖြစ်ပါတယ်။ ထားဝယ်စီမံကိန်းအတွက်  ဆောက်လုပ်ရေးပစ္စည်းတွေ အပူတပြင်းလိုအပ်နေချိန်မှာ နယ်စပ်စစ်ဆေးရေးဂိတ်တွေရဲ့ စည်းမျဉ်းစည်းကမ်းတချို့ တင်းကြပ်ထားတာကြောင့် မလိုအပ်ဘဲ ကြန့်ကြာမှုတွေ ဖြစ်နေရတယ်လို့ဆိုပါတယ်။

ကန်ချနဘူရီခရိုင်နဲ့ ဘုရားသုံးဆူ စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းနေတဲ့ ကုန်သွယ်မှုပမာဏဟာ မနှစ်က ထိုင်းဘတ်ငွေ ၁.၅ သန်းရှိခဲ့ရာက ဒီနှစ်မှာ ၁.၆ သန်း တိုးတက်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။