ထိုင်းနိုင်ငံရောက် မြန်မာများ သြင်္ကန်ပွဲ ဝင်ရောက်နွဲှပျော်
2015.04.13

Photo: RFA
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ အတာသြင်္ကန် အကျနေ့ ကျရောက်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေ လည်း ပါဝင်ဆင်နွဲနေကြပါတယ်။
ထိုင်းဘုန်းကြီးကျောင်းပေါင်း ၅၆ ကျောင်းစုပေါင်း ပြီး မြတ်စွာဘုရား ဒေသစာရီကြွချီတဲ့ပွဲကျင်းပရာမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအများစု ကိုးကွယ်နေ တဲ့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းက လည်း မြန်မာနိုင်ငံကိုယ်စားပြုပြီး ပါဝင်ခွင့်ရခဲ့ပါတယ်။
မွန်းလွဲ ၂ နာရီကစပြီး ချင်းမိုင်မြို့ ချင်းမိုင်ကျုံးအနီးက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဝပ်ဖရစင်မှာ မိမိရိုးရာယဉ်ကျေးမှူတွေနဲ့အတူ ပါဝင်ဆင်နွဲခဲ့တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်မီးမီး က ပြောပါတယ်။
မွန်းလွဲ ၂ နာရီကစပြီး ချင်းမိုင်မြို့ ချင်းမိုင်ကျုံးအနီးက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ဝပ်ဖရစင်မှာ မိမိရိုးရာယဉ်ကျေးမှူတွေနဲ့အတူ ပါဝင်ဆင်နွဲခဲ့တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်မီးမီး က ပြောပါတယ်။
ကျမတို့က ဗုဒ္ဒဘာသာရဲ့နှစ်သစ်ကို ကြိုဆိုသောအနေနဲ့ ဘုရားဒေသစာရီကြွချီပြီးတော့ ဒီချင်းမိုင်မှာ ရှိနေတဲ့ ပြည်သူပြည်သားတွေ ဘုရားရေသပ္ဗါယ်ရအောင်ဆိုပြီးတော့ ရိုးရာယဉ်ကျေးမှုနဲ့ ကျင်းပတာဖြစ်ပါတယ်။ အဲ့ဒါကို ထိုင်းတွေက နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့အချိန်မှာ ကျမတို့အနေနဲ့လည်း ပါဝင်ဆင်နွှဲကြတာပေါ့နော်။ သူတို့နဲ့ပူးပေါင်းပြီးတော့ ကျမတို့ရဲ့ ရိုးရာယဉ်ကျေးမှုလေးတွေ ကို ဖော်ပြမယ်၊ ထိန်းသိမ်းတဲ့အနေနဲ့ ကျမတို့လည်း ဝပ်ဆိုင်းမွန်းကျောင်းကိုယ်စားပေါ့နော် ပါဝင်ဆင်နွဲခဲ့ခြင်းဖြစ်ပါတယ်။ နှစ်စဉ်နှစ်သစ်ကူး အတာသြင်္ကန်ကျရောက် ချိန်တိုင်း ထိုင်းရိုးရာအက ယဉ်ကျေးမှုတွေနဲ့ အလှပြယာဉ်တွေယှဉ်ပြိုင်၊ ဂီတဖျော်ဖြေပွဲတွေပြုလုပ်ကြပြီး မြန် မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့်ရတာကတော့ အခုနှစ်ဟာ တတိယအကြိမ်မြောက်ဖြစ်တယ် လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ချင်းမိုင်မြို့သြင်္ကန်မှာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွဲခွင့်ရခဲ့တဲ့ ကရင်အမျိုးသားတစ်ယောက်ကလည်း
"ဒီနိုင်ငံမှာ အလုပ်လာလုပ်နေရတယ်ဆိုပေမဲ့ ဒီနှစ် နှစ်သစ်ကူးသြင်္ကန်မှာပေါ့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေက စုပေါင်းပြီးတော့ ဒီနိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပျော်သလိုမျိုး၊ ကျနော်တို့လည်း ပျော်ရွှင်ရတယ်ဗျ။ ကျနော်လည်း ဒီလိုမျိုး မြင်ရတော့ အရမ်းဝမ်းသာတယ်ဗျ။ ကျနော် ဒီလိုမျိုး နှစ်သစ်ကူးတယ်ဆိုတာလည်း ဒီဝပ်ဆိုင်းမွန်း မြန်မာကျောင်းမှာပေါ့၊ ကျနော်တို့ကို ဆုံတွေ့ဖို့ဆိုပြီးတော့လည်း ဖိတ်ခေါ်တော့ တိုင်းရင်းသားတွေက အများကြီးလာကြတာ။ ဒီနှစ်တကယ်ပျော်တဲ့ နှစ်သစ်ကူးသြင်္ကန်ပွဲပါဗျာ"
ချင်းမိုင်သြင်္ကန်မှာ မြန်မာနိုင်ငံက ရန်ကုန် မန္တလေးသြင်္ကန်တွေလို မဏ္ဍပ်ကြီးတွေအများကြီးမရှိဘဲ ချင်းမိုင်မြို့ရိုး ကျုံးဘေးတစ်လျှောက်မှာ ထိုင်းနာမည်ကြီး အဆိုတော်တချို့ဖျော်ဖြေကြတဲ့ မဏ္ဍပ်တချို့နဲ့ ကျုံးပတ်ပတ်လည် ရေကစားကြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာလို ထိုင်းနိုင်ငံမှာလည်း သြင်္ကန်အချိန်ကာလအတွင်း အလုပ်ပိတ်ကြတာကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမြောက်အများဟာ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနေကြတာတွေ့ရပါတယ်။