မြန်မာနိုင်ငံက ထွက်ခွာလာသူ ၂၁ ဦး ထိုင်း ဖမ်းဆီး
2019.06.10
ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလပြည်နယ်၊ ဟတ်ရိုင် ဒီစတြိတ် အတွင်းမှာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်း ထွက်ခွာလာသူ ၂၁ ဦးကို ထိုင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။
အဲဒီထဲက အမျိုးသား ၁၃ ဦး နဲ့ အမျိုးသမီးတစ်ဦးကို တောအုပ်တစ်ခုအတွင်းက တွေ့ရှိဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံး သုံးရက်တိုင်တိုင် အစာရေစာ ပြတ်တောက်နေခဲ့ရပြီး၊ သူတို့ထဲကတချို့ နာမကျန်းဖြစ်နေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သူတို့ကို ထိုင်းကတဆင့် မလေးရှားကို လူမှောင်ခိုအဖြစ် ပို့ဆောင်ဖို့ဖြစ်ပြီး၊ ဒီကိစ္စမှာ ပါဝင်တဲ့ ထိုင်းလူမျိုး တစ်ဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။