ထိုင်းစီးပွားရေးအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာ
2012.12.04
ထိုင်းနိုင်ငံမှာ လာမယ့် ၂ဝ၁၃ခုနှစ်ကစပြီး အခြေခံလုပ်အားခတွေ မြင့်တက်သွားတော့မှာဖြစ်လို့၊ လုပ်အားခသက်သာတဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းသစ်တွေ ရှာဖွေလေ့လာဖို့ လာရောက်မှာဖြစ်ပါတယ်။
ထိုင်းမှာ ရှေ့နှစ်ကစပြီး တစ်ရက်တာ အခြေခံလုပ်အားခ ကို ဘတ်ငွေ ၃ဝဝ သတ်မှတ်တော့မှာပါ။ မြန်မာနိုင်ငံမှာကတော့ တစ်ရက်လုပ်အားခက ထိုင်းငွေနဲ့တွက်ရင် ၇၅ ဘတ်ကနေ ဘတ် ၁၂ဝ နီးပါး အထိပဲရှိပါတယ်။
လခစားဝန်ထမ်းတွေရဲ့ လုပ်အားခကလည်း တစ်လကို ဘတ်သုံးထောင်နေ ခြောက်ထောင်ဝန်းကျင်သာရှိလို့ မြန်မာနိုင်ငံကို သွားရောက်ရင်းနှီးမြှပ်နှံထိုက်တယ်လို့ ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့နဲ့ ထိုင်းကုန်သည်ကြီးများအသင်းကို ဦးဆောင်လာမယ့် မစ္စတာ Phongsak က ပြောပါတယ်။
ထိုင်းနိုင်ငံက ထင်ရှားတဲ့လုပ်ငန်း ကုမ္ပဏီ ၂ဝ ဝန်းကျင်ပါဝင်တဲ့ အဲဒီ ထိုင်းစီးပွားရေးအဖွဲ့ဟာ ရန်ကုန်မြို့ကို ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်အထိ လာရောက်လေ့လာကြမှာဖြစ်ပါတယ်။