ထိုင်း မဟာချိုင် ကားမှောက်မှု မြန်မာ ၉ ဦးသေဆုံး


2015.04.28
thai-car-accident-305.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့ က မြန်မာအလုပ်သမား တင်ဆောင်လာတဲ့ ကား တစ်စီးမှောက်နေစဉ်
Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့နယ် မှာ မြန်မာအလုပ်သမား ၂၀ ဦးကို တင်ဆောင်လာ တဲ့ မော်တော်ကားတစ်စီး မနေ့ညက တိမ်းမှောက် ခဲ့တာကြောင့် ၉ ဦးသေဆုံးခဲ့ပြီး အလုပ်သမား ၉ ဦး ဆေးရုံတင်ထားရပါတယ်။

သေဆုံးခဲ့တဲ့လူတွေဟာ တရားမဝင်အလုပ်သမားတွေ ပါဝင်နေတာကြောင့် သြင်္ဂ ိုလ်နိုင်ရေးအတွက် အခက် အခဲဖြစ်နေပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

"ကျနော်တို့ မနေ့က ၉ လောင်းရှိတယ်၊ ၉ လောင်းမှာ နာမည် ၄ ခုပဲရသေးတယ်၊ သံရုံးကသဂြိုဟ်ဖို့ကိစ္စ ကိုတော့ ကျနော်တို့တော့ပြောထားတယ်၊ ဗမာပြည်ကဖြစ်ကြောင်းဆိုတဲ့ စာရွက်ကိုရမှ ကျနော်တို့က အလောင်းထုတ်လို့ရတာကိုး၊ သံအမတ်ကြီးကို အကူအညီတောင်းပြီးတေ့ာမှ အလောင်း သဂြိုဟ်မယ့် စရိတ်တို့၊ စာရွက်စာတမ်းတို့ကို ဝိုင်းဝန်းပြီးတော့လုပ်ကြတာပေါ့လေ၊ ပြီးတော့ အဲ့အလုပ် သမားတွေရဲ့ တရားဝင်မှု မဝင်မှုအပေါ်မှာမူတည်ပြီးတော့ ဒီအလုပ်သမားတွေအတွက် နစ်နာကြေးတွေ ရရှိအောင် ဆက်ပြီးတော့မှ လုပ်ကြရမှာဖြစ်တယ် "

ဧပြီ ၂၇ ရက် မနေ့ည ၈ နာရီကျော်လောက်က မဟာချိုင်မြို့နယ် CP ပင်လယ်စာထုတ်လုပ်ရေးစက်ရုံက မြန်မာ အလုပ်သမား ၂၀ စီးလာတဲ့ယာဉ်ဟာ အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၆ ဦးသေဆုံးခဲ့ပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦး အမျိုးသား ၇ ဦးကို မဟာချိုင်ဆေးရုံ ၁၊ ၂ နဲ့ စမွတ်စခွန်ဆေးရုံ စတဲ့ ဆေးရုံ ၅ ရုံမှာ အရေးပေါ်ဌာနတွေကို ပို့ဆောင်ထားရတာ ဖြစ်ပါတယ်။

အရေးပေါ် ကုသမှုခံယူနေရသူတွေအထဲက ပဲခူးတိုင်း ဒိုက်ဦးမြို့မှာနေထိုင်သူ မဇင်မျိုးလှိုင်၊ ဖခင်အမည်- ဦးမြင့်ဟာ အရေးပေါ်အခြေအနေနဲ့ စိုးရိမ်ရပြီး ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်လို့ မရသေးဘူးလို့ ဦးကျော်သောင်း က ပြောပါတယ်။

မဟာချိုင်မြို့နယ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမား ၈ သိန်း ဝန်းကျင်လောက် အလုပ်လုပ်နေကြတာဖြစ်ပြီး အများစုဟာ ငါးပုဇွန်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။