မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သမ္မတအမိန့် ဆန့်ကျင်နေဟု ရှမ်း အဖွဲ့တွေ ပြောကြား


2014.10.04
army-day-305.jpg နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည် မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက RFA ကိုပြောပါတယ်။

ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့က စတင် ကျင်းပတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ ရှမ်းပါတီများဖြစ်တဲ့ ကျားဖြူပါတီနဲ့ ကျားခေါင်း ပါတီတို့ ရဲ့ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်း မှာပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ခုလိုပြောပါတယ်။

" သူတို့ကတော့ အဲ့လိုပြောပါတယ်၊ သမ္မတ ဦးသိန်းစိန်ကတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုတဲ့ စေတ နာတွေကထက်သန်နေတာကိုလည်း တိုင်းရင်းသားတွေအားလုံး သိရှိပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲနီးလာ တဲ့ အချိန်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းအရ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် တပ်မတော်ပိုင်း ဘက်က ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပဖို့ မလိုလားတဲ့ပုံစံမျိုး ပေါက်နေသလားလို့၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ကျွန်တော်တို့ SSPP ကခေါင်းဆောင်တွေ လည်း အဲ့လိုသုံးသပ်ပြတယ်"

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကျေးသီးမြို့နယ်အတွင်းရှိ တာဖါဆောင် တပ်စခန်းကနေ SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့ အစိုးရစစ်တပ်က ပြောဆိုခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ဒီနေရာမှာ နှစ်ဖက်တပ်များ မနေဖို့ အများပိုင်အနေနဲ့ ထားရှိဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်တာကြောင့် တာဖါဆောင်စခန်း တောင်ကုန်းများကနေ ဆုတ်ခွာပေးခဲ့ပြီး ဖြစ်တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေကလည်း ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို ၄ ရက်ကြာကျင်းပတာဖြစ်ပြီး ရှမ်းခေါင်းဆောင် ၄၀ ကျော် တက်ရောက်နေတာဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဗိုလ်မှူးကြီးစိုင်းလောင်စိုင်းကို ဆက်သွယ်မေးမြန်းတင်ပြထား တာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။