မဲဆောက်က PDF ထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်တွေ စီးနင်း

RFA Burmese
2024.06.11
မဲဆောက်က PDF ထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်တွေ စီးနင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များ ၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက် ညနေပိုင်းက ဝင်ရာက်စီးနင်းခဲ့စဉ်။
Facebook/နွေဦးတမာန် တော်လှန်ရေးထောက်ပို့

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက်က နွေဦးတမာန် ထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ၁၀ ရက် ညနေပိုင်းမှာ ဝင်ရာက်စီးနင်းခဲ့တယ်လို့ ရုံးတာဝန်ခံက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်တွေက ရုံးခန်းကို ဖျက်သိမ်းခဲ့တာလို့ သူက ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီက တိုင်ကြားမှုကြောင့် ကျွန်တော်တို့ ရုံးခန်းကို လာတယ်။ ရုံးခန်းကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်စီးနင်းတယ်။ ရုံးခန်းမှာ အမြတ်တနိုး ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေ၊ အလံတွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အကုန်ဖြုတ်ခိုင်းတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အခါ ကျွန်တော်တို့ ထိုင်းဥပဒေစည်းကမ်းအတိုင်းပဲ သူတို့ပြောတာတွေ အကုန်ထုတ်ပေးတယ်။ ဒါပေမဲ့ အဲဒီမှာ ဘာမပြော ညာမပြောဘဲ ကျွန်တော့်ကို ကန်သွားတယ်"

ရုံးခန်းမှာ ချိတ်ဆွဲထားတဲ့ အလံတွေနဲ့ ဓာတ်ပုံတွေကိုလည်း ဖြုတ်သိမ်းခဲ့သလို ရုံးတာဝန်ခံကိုလည်း ခြေထောက်နဲ့ ကန်ခဲ့တယ်လို့ သူက ပြောပါတယ်။

အခုလို ရုံးခန်း ဖျက်သိမ်းခံရပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ထောက်ပို့လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ရုံးတာဝန်ခံက ပြောပါတယ်။

နွေဦးတမာန်ထောက်ပို့အဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ဖွဲ့တွေကို အဓိကထား ကူညီနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။