ထိုင်းနိုင်ငံကို ခိုးဝင်သူ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ


2015.06.18

ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ အမျိုးသမီး ၁၀ ဦး အပါအဝင်  မြန်မာနိုင်ငံသား ၁၉  ဦးကို ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်က နယ်စပ်ဂိတ်မှာ ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

ထားဝယ်ခရိုင် ထီးခီးကျေးရွာတဘက်ခြမ်း ထိုင်းနိုင်ငံ ဘန့်ကော့ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

“ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၉ ဦးကို ဖမ်းမိတာ ဟုတ်ပါတယ်။ လူပွဲစား ဘယ်သူူဖြစ်တယ်ဆိုတာကိုတော့ ရှာဖွေဖော်ထုတ်နေဆဲပါ။ ပြီးရင်တော့ သူတို့အားလုံးကို မြန်မာနိုင်ငံ ဘက်ခြမ်းကို ပြန်ပို့မှာပါ”

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက စက်ရုံအလုပ်ရုံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ လူပွဲစားတွေက အခကြေးငွေယူပြီး ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာချိန်မှာ အခုလို အဖမ်းခံခဲ့ ရတာဖြစ်ပြီး လူပွဲစားကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။