ကလေးမြို့မှာ ငါးရက်အတွင်း ဒေသခံ ၁၀ ဦး အဖမ်းခံရ

2022.02.19
ကလေးမြို့မှာ ငါးရက်အတွင်း ဒေသခံ ၁၀ ဦး အဖမ်းခံရ ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးက မြို့မစျေးကို တွေ့ရစဥ်
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ ၁၈ ရက် မနေ့ကအထိ ငါးရက် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဖမ်းခံရသူ ၁၀ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာဖီဆန်ရေး CDM လုပ်ထားသူတွေနဲ့ PDF တွေကို ထောက်ပံ့နေသူတွေလို့ စွပ်စွဲ ခံရပြီး အခုလို အဖမ်းခံနေရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးမြို့မှာ အခုတလော အဖမ်းအဆီးကတော့ စိပ်နေတယ်။ မနေ့ကပဲ တပ်ဦး သီတာ ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ယောင်္ကျားကို မတွေ့လို မိန်းမကို ဖမ်းသွား တယ်။ စစ်ကားတွေနဲ့ နေ့တိုင်းလှည့်ဖမ်းနေတာပဲ"

ငါးရက်အတွင်း ဖမ်းဆီးခံရသူတွေကတော့ အမျိုးသား လေးဦး၊ အမျိုးသမီး ခြောက်ဦးတို့ ဖြစ်ကြပြီး သူတို့ အားလုံးဟာ နေအိမ်မှာရှိနေစဉ် အဖမ်းခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ PDF တွေကို ငွေကြေး ထောက်ပံ့သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံကြရတာဖြစ်ပြီး သူတို့အားလုံးကို ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစမှာ အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဒီလိုအဖမ်းခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကလေးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အဖမ်းခံရသူ ၄၀၀ ကျော်ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။