ရန်ကုန်က အငှားယာဉ်တွေမှာ အဝါလိုင်းများကပ်နေ

RFA Burmese
2023.11.02
ရန်ကုန်က အငှားယာဉ်တွေမှာ အဝါလိုင်းများကပ်နေ ရှေ့မီးလုံးမှ နောက်မီးလုံးအထိ အဝါရောင်လိုင်း စတစ်ကာ ကပ်ထားသည့် ရန်ကုန်မြို့မှ အငှားယာဉ်တစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့က အငှားယာဉ် (တက္ကစီ) တွေကို တခြားမော်တော်ယာဉ်တွေနဲ့ ကွဲပြားစွာ သိသာစေဖို့အတွက် ယာဉ်ရဲ့ကိုယ်ထည်မှာ အဝါရောင်လိုင်းတွေ မဖြစ်မနေကပ်ဖို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ညွှန်ကြားထားတာကြောင့် အဲဒီညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေရတယ်လို့ အငှားယာဉ်မောင်းသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ယာဉ်ကိုယ်ထည်တွေမှာ အဝါရောင် စတစ်ကာကပ်တာတွေ လုပ်ဆောင်နေကြတာဖြစ်ပြီး ပညာပေးကာလ သုံးလကျော်လွန်တဲ့ ၂၀၂၄ ဇန်နဝါရီလကုန် နောက်ပိုင်းမှာတော့ မလိုက်နာတဲ့ အငှားယာဉ်တွေကို အရေးယူမယ်လို့ YRTC က ပြောထားပါတယ်။

အဝါရောင်စတစ်ကာကပ်တဲ့လုပ်ငန်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ YRTC စင်းလုံးငှားဌာနမှာ ကပ်ပေးနေတာရှိသလို ပြင်ပမှာလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်နေတာတွေရှိတယ်လို့ အငှားယာဉ်မောင်းသူတွေက ပြောကြပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ထားတဲ့ အငှားယာဉ် (တက္ကစီ) အစီးရေ ခြောက်သောင်းနီးပါးရှိတယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။