အငှားယာဉ်များတွင် မီတာတပ်ဆင်ရေး မအောင်မြင်သေး
2011.03.07

Photo: AFP
မြိုတော်ဟောင်း ရန်ကုန်မှာရော၊ မြို့တော်သစ် နေပြည်တော်မှာပါ ဒီစနစ်မျိုးကို အခုထိ ပီပြင်အောင် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဗန်ကောက်၊ ကွာလာလမ်ပူ၊ ဂျာကာတာစတဲ့ တခြား အိမ်နီးချင်း အာဆီယံနိုင်ငံတွေက မြို့တော်တွေနဲ့ နှိုင်းစာရင် အင်မတန် မျက်နှာငယ်စရာလို့ နိုင်ငံခြားကို မကြာခဏ သွားရောက်လေ့ရှိတဲ့ မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။
အခုလို နိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာလှည့် ဧည့်သည်တွေ စိတ်ချမ်းသာ အဆင်ပြေအောင် တက္ကဆီတွေကို မီတာတပ်ဖို့ ကိစ္စကိုတောင် အောင်မြင်အောင် မဆောင်ရွက်နိုင်တာဟာ နဝတ၊ နအဖ စစ်အစိုးရတွေရဲ့ မှားယွင်း ချွတ်ချော်တဲ့ စီမံခန့်ခွဲမှုတွေထဲက သာဓကငယ်လေး တခုများလားလို့ ဝေဖန်သူတွေကလည်း ရှုမြင်ကြပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လေ့လာ တင်ပြထားပါတယ်။
![]() |
လေ့လာတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |