ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ
2012.12.10
ကုမ္ပဏီဘက်ကနေ ရာဘာအပင်တွေအတွက်ပဲ လျော်ကြေးပေးပြီး တခြားအပင်တွေကို လျော်ကြေးမပေးတဲ့အတွက် မကျေနပ်ဘူးလို့ ဒေသခံရွာသားတချို့က ပြောပါတယ်။
ဒေသခံတွေဘက်က ရသင့်ရထိုက်တဲ့ ဈေးနှုန်းအတိုင်း တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပြေလည်မှုမရရှိတာတွေကို ခုံသမာဓိနဲ့ ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ပေးမယ်လို့ ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ တာဝန်ခံဥက္ကဌ ဦးတင်မောင်ရွှေက RFA ကို အခုလို ပြောပါတယ်။
"လူထုအစည်းအဝေးနဲ့လုပ်တဲ့ ဒီဈေးနှုန်းကို အများကလက်ခံမယ်၊ လျော်ကြေးငွေကို အများဆုံးရရှိမယ်၊ အဲဒါနဲ့ ကျနော် တွက်ချက်ပြီးတော့ပေးတာ၊ တစ်ချို့ဟာတွေက မြေပြင်မှာစာရင်းကောက်တဲ့ ဥစ္စာနဲ့ သူတို့စိတ်ထဲမှာ သံသယနဲ့ ကိန်းဂဏန်းတွေ လွဲနေတယ်လို့ ထင်တာတွေရှိတယ်၊ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့တွေက ခုံသမာဓိအဖွဲ့ဆိုပြီး ဖွဲ့ထားတယ်၊ အဲဒါတွေအားလုံးကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ ဥစ္စာအားလုံးကို ပြန်လုပ်ပေးမှာပါ"
အဲဒီအခမ်းအနားကို တနင်္သာရီတိုင်းဒေသဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ တာဝန်ခံဥက္ကဌ ဦးတင်မောင်ရွှေ၊ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒေသခံ ပြည်သူလူထု ၂၀၀ ကျော်တက်ရာက်ခဲ့ပါတယ်။