တောင်သမန်အင်း ညစ်ညမ်းမှု စက်ရုံတွေကို တရားစွဲဖို့ပြင်ဆင်


2015.05.07
fishes-die-taungtaman-inn-305.jpg ရေဆိုးရေညစ်တွေကြောင့် မန္တလေးမြို့ အမရပူရမြို့ နယ် တောင်သမာန်အင်းမှာ ဧပြီလ ၃ဝ ရက်နေ့က ငါးတွေ အစုလိုက်အပြုံလိုက် ဒုတိယအကြိမ်မြောက် သေဆုံးစဉ်
Photo: Nay Thwae/RFA

မန္တလေးမြို့ တောင်သမန်အင်း ညစ်ညမ်းစေမှုနဲ့ စက်ရုံ ၁၇ ရုံကို တရားစွဲဖို့ အာဏာပိုင်တွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စက်ရုံတွေက ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် တောင်သမန်အင်းရေ ညစ် ညမ်းပြီး ငါးတွေအမြောက်အများ သေဆုံးခဲ့ပြီးတဲ့နောက် မန္တလေးစည်ပင်သာယာက အဲဒီစက်ရုံတွေကို မေလ ၂ ရက်နေ့က လုပ်ငန်းတွေဆိုင်းငံ့ထားဖို့ မေလ ၂ ရက်နေ့ က အမိန့်ထုတ်ခဲ့ပါတယ်။

စက်ရုံတွေဟာ ညွှန်ကြားချက်တွေအတိုင်း မလိုက်နာဘဲ စည်းကမ်းချိုးဖေါက်ခဲ့ကြတဲ့အတွက် လုပ်ငန်းတွေ ဆိုင်းငံ့လိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။

တောင်သမန်အင်းဟာ မန္တလေးမြို့ရဲ့ သမိုင်းဝင် ထင်ရှားတဲ့နေရာတစ်ခုဖြစ်ပြီး၊ နိုင်ငံခြားခရီးသွားတွေ အလာများပါတယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့ကို နိုင်ငံခြားခရီးသွားဦးရေ လေးသိန်းခြောက်သောင်းကျော် လာရောက်ခဲ့ပါတယ်။

ဒီအတွင်း ဂျပန်နိုင်ငံ ကူဘိုတာကုမ္ပဏီက ရေဆိုးရေညစ်သန့်စင် စက်ရုံတစ်ရုံကို ရန်ကုန်တိုင်း သံလျင် သီလာဝါစက်မှုဇုန်မှာ တည်ဆောက်တော့မယ်လို့ သိရပါတယ်။

စက်ရုံတွေက စွန့်ပစ်လို့ထွက်လာမယ့် ရေတွေကိုသိုလှောင်ပြီး၊ ပြန်လည်သန့်စင်တဲ့ စက်ရုံတည်ထောင်မှာဖြစ်ပါတယ်။ စက်ရုံကို အောက်တိုဘာလမှာ စတင်တည်ဆောက်မယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။