စစ်အာဏာရှင်ဆန့်ကျင်ရေး ကိုရီးယား-မြန်မာ ပူးပေါင်းပြီး ချန်းဝမ်မြို့မှာ ဆန္ဒပြ

2021.12.12
စစ်အာဏာရှင်ဆန့်ကျင်ရေး ကိုရီးယား-မြန်မာ ပူးပေါင်းပြီး ချန်းဝမ်မြို့မှာ ဆန္ဒပြ တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကိုရီးယား-မြန်မာ ပူးပေါင်း လမ်းလျှောက်ဆန္ဒပြပွဲကို ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကြစဉ်
Photo: Gyeongnam myanmar community

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် မနေ့က တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့ မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံသားတွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီမြို့တဝိုက်က မြန်မာနိုင်ငံသားတွေ အပါအဝင် စုစုပေါင်းလူအင်အား ၄ဝဝ ကျော် ပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ အရှင်ဝိသုတက RFA ကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တပ်ဖွဲ့တွေကို ထောက်ပံ့ရေး နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ကို ဆက်ပြီးဆန့်ကျင်ရေး စတာတွေကို ကြွေးကြော် ခဲ့ကြတယ်လို့ဆိုပါတယ်။

အရှင်ဝိသုတ ဦးဆောင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုဟာ ချန်းဝမ်မြို့မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပနေတာဖြစ်ပြီး မနေ့ကတော့ အကြိမ် ၄ဝ မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။