တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ

2021.05.20
တောင်ဒဂုံ ရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦး ဒဏ်ရာရ ရန်ကုန်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်
Photo: AFP

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ဒီနေ့မနက်ပိုင်း Bluetooth အသံချဲ့စက်ကနေ ဗုံး နှစ်လုံး ပေါက်ကွဲခဲ့ပြီး ရဲတပ်သားတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ မနက် ၇ နာရီလောက်က တောင်မြောက်လမ်းဆုံနားက ရဲစခန်းအနားမှာ Bluetooth အသံချဲ့စက်နဲ့ သီချင်းဖွင့်ထားတဲ့နေရာကို ရဲတစ်ယောက်က သွားကြည့်တာကနေ ပေါက်ကွဲခဲ့တာကြောင့် ပေါင်နဲ့လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရဲတပ်သား ဒီည​နေမှာ ​သေဆုံးသွားပြီလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ သူ​သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မနက်ပိုင်းမှာပဲ စည်ပင်လမ်းက အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာလည်း Bluetooth အသံချဲ့စက်ကနေ ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် လူထိခိုက်ခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလည်း ရှိခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်ဟာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၂၀ ကျော်ရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။