အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်
2011.11.07

AFP
ဒီပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် အနှစ် ၂၀ နီးပါး ထောင်ဒဏ်ကျခံခဲ့ရတဲ့ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကို ဒီပွဲမှာ ဆရာတော် ဦးပါမောက္ခက ရွှေသား အတိနဲ့ ထုလုပ်ထားတဲ့ သူရသတ္တိဆု ချီးမြှင့်ဖို့
စီစဉ်ထားတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
အဲဒီနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။