မြန်မာအပေါ် အမေရိကန်တံဆိပ်ကပ်မှု ရုရှား ဝေဖန်
2017.11.23

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်ရဲ့လုပ်ရပ်တွေဟာ လူမျိုးစုရှင်းလင်းမှု ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက တံဆိပ်တပ်လိုက်တာဟာ အလွန်အကွံျ ပြင်ပစွက်ဖက်မှု ဖြစ်တဲ့အပြင်၊ ပြဿနာကို ကူညီဖြေရှင်းရာ မရောက်ဘဲ၊ ပိုပြီး ဆိုးရွားသွားစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်က ပြောလိုက်ပါတယ်။
ပဋိပက္ခအတွင်း မြန်မာတပ်တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ပြုမူခဲ့တာတွေဟာ လူမျိုးစုရှင်းလင်းမှုဖြစ် တယ်လို့ ကုလသမဂ္ဂက ပြောဆိုခဲ့အပြီး၊ အမေရိကန်ကပါ ထပ်မံတံဆိပ်ကပ်လိုက်တာဟာ မီးလောင်ရာ လေပင့် လိုက်တာသာဖြစ်တယ်လို့ ရုရှားသံအမတ် နီကိုလေ လစ်စတိုပါဒေါ့ က ဆိုပါတယ်။
ဒီလအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့တပ်မတော်ကို အင်အားအလွန်အကျွံ မသုံးစွဲတော့ဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ရုရှားနဲ့ တရုတ်က ထောက်ခံခဲ့ကြပေမဲ့၊ ပြည်တွင်းရေးကို အလွန်အကျွံဝင်စွက်ရာရောက်တဲ့ အထိတော့ လက်မခံကြောင်း ပြောဆိုခဲ့ကြပါတယ်။
ရခိုင်ပြဿနာကို နိုင်ငံရေးနည်းလမ်း၊ နိုင်ငံရေးအရ အပြန်အလှန်ဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းသင့်ကြောင်း လည်း ရုရှားသံအမတ်က တိုက်တွန်းပါတယ်။