သတင်းထောက် သတ်ဖြတ်မှုစုံစမ်းရေး အရှိန်မြှင့်ဖို့ RSF တောင်းဆို


2016.12.20
soemoe-eleven-620.jpg Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှု အမြန်ဆုံးပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့စဉ်
Photo: Aung Thain Kha/RFA

မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းမီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံး စုံစမ်းဖေါ်ထုတ်အရေးယူပေးဖို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအသင်းက မြန်မာအာဏာပိုင်တွေကို ဒီဇင်ဘာ ၂ဝ ရက်နေ့စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အရေးယူစုံစမ်းမှုကို ကြိုဆိုပါတယ်၊ ဒါပေမဲ့ ဒီလိုအမှုမျိုးဟာ အချိန်ကြာတာနဲ့အမျှ သက်သေ အထောက်အထားတွေ၊ တရားခံတွေကို ဖေါ်ထုတ်ဖို့ အခွင့်အရေးတွေ နည်းပါးသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အချိန်မှီ စုံစမ်းဖေါ်ထုတ်နိုင်ခြင်းမရှိဘူးဆိုရင် အပြစ်ကျူးလွန်သူတွေ လွတ်မြောက်သွားနိုင်တဲ့အတွက် ဒီလူသတ်မှုကို သက်ဆိုင်ရာတွေက အခုထက် အရှိန်မြှင့်ပြီး အရေးယူဆောင်ရွက်ပါလို့ RSF နယ်စည်းမခြား သတင်းထောက်များအသင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။