ရိုဟင်ဂျာကူညီသူ အာမခံနဲ့လွှတ်


2016.03.01

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနယ်စပ် ကော့ဇ်ဘဇားခရိုင်မှာ သံသယဖြစ်ဖွယ်လှုပ်ရှားမှုနဲ့ ၂ လကျော် ဖမ်းဆီးထားခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။  အသက် ၂၈နှစ်ရှိ အဲဒီ မူဆာ ယာကော့ဘ် Moussa Yacoub ဆိုသူဟာ နယ်ခြားမှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို အကူအညီပေးနေ တဲ့ BarakaCity ဘာရကာစီးတီးဆိုတဲ့ လူမှုရေးအဖွဲ့ကဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ကသူ့ကို  ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ တရားသူကြီးရဲ့ ခွင့်ပြုချက်မရဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ခွာခြင်းမပြုပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ အခု အာမခံပေးလိုက်တာဖြစ်တယ်လို့ ပြင်သစ်သံရုံးက ပြောပါတယ်။

အဲ့ဒီပြင်သစ်နိုင်ငံသားကို စွဲဆိုထားတဲ့ အချက်တွေထဲမှာ နိုင်ငံကူးလက်မှတ်ပေါ်က အမည်နဲ့ကွဲလွဲတဲ့ တခြားနာမည်တစ်ခုကို သုံးစွဲမှုလည်း ပါဝင်တယ်လို့ တရားရုံးအရာရှိတစ်ဦးက ထုတ်ဖေါ်ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။