မြန်မာတပ်ဖွဲ့ကျူးလွန်မှု အစီရင်ခံစာ ထပ်မံပေါ်ထွက်
2018.08.31
ဘင်္ဂလားဒေ့ရှ်နိင်ငံကို ရိုဟင်ဂျာတွေ ၂၀၁၇ ခုနှစ်မှာ အလုံးအရင်းနဲ့ ထွက်မပြေးခင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေရဲ့ အကြမ်းဖက်မှုခံရတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် PHR- Physicians for Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့မှာ အသစ်တခါ ထပ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ဒီသီတင်းပတ်အတွင်း ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာကို PHR က အပြည့်အဝထောက်ခံတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၉ သိန်းတစ်သောင်းကျော်တွေရဲ့ ခေါင်းဆောင်တွေကို စစ်တမ်းကောက်၊ လူတွေကို တွေ့ဆုံမေးမြန်း၊ အသက်မသေဘဲ ကျန်သူ ၈၅ ယောက်ကို PHR က မှုခင်းဆေးပညာဆိုင်ရာ အကဲခတ်ချက်ရယူ ခဲ့တယ်လို့ ပြောပါတယ်။
PHR လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က တွေ့ရှိတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့တယ် လို့လည်း ဖော်ပြပါတယ်။