ရခိုင်ကို အကြမ်းဖက်သမားတွေ ပိုမိုဝင်ရောက်
2017.02.23

မြန်မာနိုင်ငံရခိုင်ဒေသမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးများကို ရပ်လိုက်ချိန်မှာ ဒေသတွင်းကို ငွေ မဲတွေနဲ့ အကြမ်းဖက်သမားတွေ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက် လှမ်းရေးသတင်းရပ်ကွက်ကိုးကားပြီး ဂျိမ်း အကြမ်းဖက်မှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်သတင်းစဉ်မှာ ဖေါ်ပြ ထားပါတယ်။
ရခိုင်ဒေသတွင်း တည်ငြိမ်းအေးချမ်းမှုတွေ တိုးတက်လာတာကြောင့် မြန်မာလုံခြုံရေးတပ်တွေက စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်တာမှန်ပေမယ့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ လှုပ်ရှားလာနိုင်တယ် လို့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက စိုးရိမ်နေတာပါ။
အကြမ်းဖက်သမားတွေရဲ့ ငွေနဲ့ လူများဝင်ရောက်မှုမှာ ထိုင်းနိုင်ငံတပ်ခရိုင် မဲဆောက်ဘက်ကနေ ဝင်တဲ့ လမ်းကြောင်းဟာ အဓိက ဖြစ်လာနေတယ်လို့ အကြီးတန်း ထိုင်းထောက်လှမ်းရေး အရာရှိတစ်ဦးက ဂျိမ်း အကြမ်းဘက်မှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်သတင်းစဉ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောကြားခဲ့ တာဖြစ်ပါတယ်။