၃ လအတွင်း နတ်မြစ်ထဲမှ ယာဘ စိတ်ကြွဆေးပြား အလုံးရေ ၉သန်းဖမ်းမိ
2018.03.27

မြန်မာနိုင်ငံဘက်က မွတ်စလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သိန်းနဲ့ချီပြီး ဝင်ရောက်လာပြီးနောက်ပိုင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ အများကြီး တိုးပွါးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ လကာလထဲမှာ ယာဘ လို့ခေါ်တဲ့ မက်- စိတ်ကြွဆေးပြား အလုံးရေ ၉-သန်းနီးပါးကို နတ်မြစ်ထဲမှာ ငါးဖမ်းလှေတွေနဲ့ သွားလာနေတဲ့ ရိုဟင်ဂျာ ၇ ဦး အပါအဝင် လူ ၁၁ ဦးဆီက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
နတ်မြစ်တလျှောက် ၃၃- မိုင် အရှည်ရှိတဲ့ နယ်စပ်ဒေသကို အသေအချာ ပိတ်ဆို့ဖို့ခက်ခဲလှပြီး မြန်မာနိုင်ငံ ဘက်ခြမ်းမှာ ထုတ်လုပ်တဲ့ အဲဒီ စိတ်ကြွဆေးပြားတွေကို မှောင်ခိုဂိုဏ်းတွေက ဒုက္ခသည်တွေကို ကယ်ရီယာအဖြစ် အသုံးချပြီး ပို့နေကြတာ ဖြစ်တယ်လို့လည်း နယ်ခြားစောင့်တပ်အရာရှိတွေက ပြောပါတယ်။