ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2024.05.14
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားရှိ အူးခီးရာဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒုက္ခသည်စခန်း အမှတ် ၄ ရဲ့ခေါင်းဆောင် အသက် ၄၃ နှစ်အရွယ် မိုဟာမတ်အီလီယက်ဆိုသူဟာ မေလ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ အသတ်ခံလိုက်ရတာလို့ အူးခီးရာရဲတပ်ဖွဲ့ကပြောပါတယ်။

မျက်နှာဖုံးစွပ်လူ ၁၅ ယောက်လောက်ဟာ မိုဟာမတ်အီလီယက် အိပ်နေတုန်း အိမ်ထဲဝင် ဖမ်းခေါ်သွားပြီးနောက် သေနတ်နဲ့ အကြိမ်ကြိမ်ပစ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူ့ကိုသတ်ဖြတ်သွားတဲ့သူတွေဟာ အာဆာတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကနဦးသတင်းရထားကြောင်း Business Standard သတင်းမှာဖော်ပြပါတယ်။

မိုဟာမတ်အီလီယက်ရဲ့အလောင်းကို စစ်ဆေးဖို့ ကော့ဇက်ဘဇားဆေးရုံကို ယူသွားပြီး၊ အသတ်ခံရတဲ့ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။