လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရဖို့ နောက်ကွယ်ကကြိုးပမ်းကြောင်း အမေရိကန်ပြော

RFA Burmese
2024.08.21
လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရဖို့ နောက်ကွယ်ကကြိုးပမ်းကြောင်း အမေရိကန်ပြော အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) အား တွေ့ရစဉ်။
RFA

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတွေမှာ စစ်ဆေးပြီး စီရင်ချက် ချမှတ်နိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့်၊ တရားမျှတမှု ရဖို့ နောက်ကွယ်ကနေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် Beth Van Shaack က RFA နဲ့ သီးသန့် မေးမြန်းခန်းမှာ သြဂုတ် ၂၁ ရက်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ဖို့အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် အစိုးရသစ် လက်ထက်မှာ အကူအညီတွေ ပို ထိထိရောက်ရောက်ပေးခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး ထိန်းချုပ်နယ်မြေထဲက အရပ်သားပြည်သူတွေနဲ့ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူသားဆန်ဆန် ဆက်ဆံဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။