ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဖွဲ့စည်းရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း

RFA Burmese
2024.03.26
ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဖွဲ့စည်းရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိခိုလှုံလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

ရိုဟင်ဂျာအင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအင်အားစုကြီးတစ်ရပ်ပေါ်လာလာဖို့နဲ့ ရိုဟင်ဂျာလူထုတွေရဲ့အသံကို ကိုယ်စားပြုဖော်ပြနိုင်မဲ့ ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ) ကို မတ်လ ၂၆ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးစုတွေကို ကိုယ်စားပြုပြီး ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းလိုက်တာလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြိုင်က ပြောပါတယ်။

“ရိုဟင်ဂျာပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရိုဟင်ဂျာအင်အားစုတစ်ရပ်ပေါ်ထွန်းလာရေးအတွက် ဆင့်ကဲဖြစ်စဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်သလို ရိုဟင်ဂျာအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အတိုင်ပင်ခံကောင်စီကဲ့သို့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာဖို့ အတွက် ဒါက ဖြစ်မြောက်ရေးကော်မတီတစ်ရပ် အနေနဲ့ ဖွဲ့စည်းထူထောင်လိုက်တာ ဖြစ်ပါတယ်"

ရိုဟင်ဂျာနိုင်ငံရေးအတိုင်ပင်ခံအင်အားစု တစ်ရပ်ပေါ်ပေါက်လာရေးဦးဆောင်လှုပ်ရှားမှုအဖွဲ့ (ယာယီ) ကို ရိုဟင်ဂျာအဖွဲ့အစည်း ရှစ်ဖွဲ့၊ လူပုဂ္ဂိုလ် ၂၅ ယောက်နဲ့ စုစည်းဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအတွက် လိုအပ်နေတဲ့ အသံတွေကို ဖော်ပြနိုင်ဖို့အတွက် နိုင်ငံတကာမှာရောက်နေတဲ့ ရိုဟင်ဂျာနိုင်ငံရေးသမား၊ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးခေါင်းဆောင်တွေ၊ လူငယ်မျိုးဆက်သစ်တွေနဲ့ ရပ်ရွာလူထုအခြေပြုခေါင်းဆောင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။