ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရဆဲလို့ Refugee International အဖွဲ့ ထုတ်ပြန်


2019.04.25
rohingya-622 Refugee International အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ။
Photo: RFA

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကာင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို ဆက်ဆံတဲ့နည်းလမ်းရော ဖိအားပေးတဲ့နည်းလမ်းပါ နှစ်မျိုးလုံးသုံးဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Refugee International အဖွဲ့ကပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ကျူးလွန်နေဆဲဆိုတဲ့အမည်နဲ့ မနေ့က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ အကြံပြုထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အခြေအနေဖြစ်လာအောင် မြန်မာအစိုးရက မကြိုးစားတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်ကျူးလွန်နေတာရပ်ဖို့ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်အပါအဝင် ရပိုင်ခွင့်တွေ ပြန်လည်ပေးအပ်ဖို့၊ နိုင်ငံတကာပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပြုဖို့၊ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ထားသူတွေကို အရေးယူပေးဖို့ အစီရင်ခံစာရေးသားသူ Daniel Sullivan က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့၊ Genocideနဲ့ Crime against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်-မမြောက် တရားဝင်သတ်မှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနကိုလည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။