ရန်ကုန်မြေဈေးနှုန်း ထပ်မံတိုးမြှင့်သတ်မှတ်


2014.10.08
building-yangon-305.jpg ရန်ကုန်မြို့ မြေကွက်လပ်တစ်နေရာမှာ အဆောက် အဦး ဆောက်လုပ်နေစဉ်
Photo: Zarni/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေတစ်ပေ ပတ်လည်ဈေးနှုန်းကို ပြည်တွင်းအခွန်များဦးစီးဌာန က အောက်တိုဘာလ ၇ ရက်နေ့မှာ ထပ်မံတိုးမြှင့် လိုက်ရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့ တဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိ မြှင့်တင်လိုက်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေက ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနက အခုသတ်မှတ်လိုက် တဲ့ ဈေးနှုန်းတွေထဲမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံနဲ့ ဗဟန်းမြို့နယ် ၆ ခုရဲ့ ဈေးနှုန်းက အများဆုံးဖြစ်ပြီး တစ်ပေပတ်လည်ကို ၄ သိန်း သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ မြေဈေး သတ်မှတ်ချက် ထုတ်ပြန်ခဲ့စဉ်ကတော့ အဲဒီမြို့နယ် ၆ ခုရဲ့ တစ်ပေပတ်လည်မြေဈေးနှုန်းဟာ  ကျပ်သုံး သိန်းကျော်သာရှိခဲ့ပါတယ်။

အခုလိုသတ်မှတ်လိုက်တဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ် နည်းသွားပါးသွားနိုင်ပေမဲ့ ဈေးနှုန်းတွေကတော့ ကျဆင်းလာနိုင်မှာမဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် "မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ" ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးသန်းဦးက ပြောပါတယ်။

"နိုင်ငံတော်အစိုးရရဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်းက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုရှိပါ တယ်၊ ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ပြန်လည်သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်မှာ အပြင်ဈေးတွေကမြင့်တော့ သူတို့က နှုန်းထာကိုမြင့်ပြီး သတ်မှတ်တဲ့သဘောရှိတယ်၊ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးပေမဲ့ ဈေးကတော့ ထပ်ကျစရာသိပ်မမြင်ဘူး"

တခြားမြို့နယ်တွေမှာလည်း နေရာပေါ်မူတည်ပြီး မြေတစ်ပေပတ်လည်ဈေးနှုန်းကို အနည်းဆုံး ကျပ်သောင်းဂဏန်း ကစပြီး သတ်မှတ်ပေးထားတာမျိုးရှိပေမဲ့ အဲဒီနေရာတွေမှာလည်း ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တင်လိုက် တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။