မီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ရေး အစိုးရ ဆောင်ရွက်မည်


2017.09.27
maungtaw-fire-village-622.jpg မောင်တောမြို့နယ်အတွင်းက မီးလောင်ထားတဲ့ နေရာတွေကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက စီစဉ်ဆောင်ရွက်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

ဥပဒေအရ ပဋိပက္ခ အပါအဝင် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးရတဲ့ နေရာတွေကို ပြန်လည်တည်ဆောက်ဖို့ အစိုးရက တာဝန်ယူကြီးကြပ် ဆောင်ရွက်ရတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ပြန်လာရေးနဲ့ သူတို့ရဲ့ မူလရွာတွေဆီ ပြန်လည်ရောက်ရှိရေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးကြောင်း ရိုက်တာသတင်းက ဖေါ်ပြ ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဂြိုလ်တုဓါတ်ပုံတွေအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မွတ်စလင်ကျေးရွာပေါင်း ၄၀၀ ကျော်ထဲက တစ်ဝက်လောက် မီးရှို့ခံခဲ့ရတယ်လို့ ပြောဆိုကြောင်းလည်း ဖေါ်ပြ ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း တစ်ဝက်လောက် က အရပ်သားတွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။