ရခိုင်ပြည်နယ်အခြေအနေတွေကို စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန်

RFA Burmese
2024.05.21
ရခိုင်ပြည်နယ်အခြေအနေတွေကို စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Narinjara

ရခိုင်ပြည်နယ်က လူမျိုးရေးတင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာတဲ့သတင်းတွေကြောင့် အလွန်အမင်း စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ လူသားချင်း စာနာမှုအကူအညီတွေကို အဟန့်အတားမရှိ ခွင့်ပြုပေးဖို့ တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေကိုလည်း အခုလို အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို ရှုတ်ချဖို့နဲ့ လူအခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေ တာဝန်ခံမှုရှိလာစေရေး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ဒီ့အပြင် အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်သူတွေကိုလည်း အနာဂတ်မှာ အကြမ်းဖက်မှုတွေ ကင်းဝေးအောင် အကာအကွယ်ပေးဖို့ကိုလည်း အမေရိကန်က နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေရေးနဲ့ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်လွတ်မြောက်သူတွေအတွက် တရားမျှတမှုရှိလာစေဖို့အတွက် ဆက်လက် ကတိပြုတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်မှုကျူးလွန်တဲ့ စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အရေးယူဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။