ဘင်္ဂလားဒေ့ရ်ှဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု

ဘင်္ဂလားဒေ့ရ်ှကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဝင်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အတည်ပြုပြောပါ တယ်။

2013.01.30
maungdaw_gate_305.jpg ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ လူဝင်လူထွက် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းခိုလှုံလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်းဒေသနဲ့ ကော့ဘဇားခရိုင်အတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီး လူမျိုးတွေဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒီမိသားစုတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းက သူတို့နေထိုင်ခဲ့တဲ့ ဒေသဖက်မှာ အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ထွက်ပြေးခိုလှုံလာကြတာ  ဖြစ်တယ်လို့သိရပါတယ်။

အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရ်ှဘက်မှာရှိနေတဲ့ ရခိုင်မျိုးနွယ်စုတွေကို ရခိုင်ပြည်နယ်ထဲကို ခိုလှုံခွင့်လျှောက်ထားလာပါက မည်သူမဆို ခွင့်ပြုသွားမှာဖြစ်ပြီး မောင်တောမြို့နယ်အတွင်းမှာ နေထိုင်စရာအိမ်တွေနဲ့ လယ် ၂ ဧကစီကို အစိုးရရဲ့အစီအစဉ်နဲ့ အခမဲ့ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။