မြန်မာ့အရေး ပါဝင်ဆောင်ရွက်ပေးဖို့ ဩစတြေးလျရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို

RFA Burmese
2024.03.04
မြန်မာ့အရေး ပါဝင်ဆောင်ရွက်ပေးဖို့ ဩစတြေးလျရောက်မြန်မာတွေ ဆန္ဒပြတောင်းဆို မြန်မာ့အရေးမှာ အာဆီယံနဲ့ ဩစတြေးလျနိုင်ငံတို့က ပါဝင်ဆောင်ရွက်ပေးကြဖို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဩစတြေးလျရောက် မြန်မာတွေ စုဝေးဆန္ဒပြကြစဉ်။
Facebook/ Myo Aye

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဩစတြေးလျ-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပနေချိန် ဩစတြေးလျရောက် မြန်မာတွေ စုဝေးဆန္ဒပြခဲ့တယ်လို့ Australian Associated Press သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာ့အရေးမှာ အာဆီယံနဲ့ ဩစတြေးလျနိုင်ငံတို့က ပါဝင်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဩစတြေးလျ - အာဆီယံ ဆက်ဆံရေး နှစ် (၅၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို မတ်လ ၄ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ကျင်းပသွားဖို့ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတစ်ရပ်ကို ထောက်ခံကြောင်း ထိပ်သီးအစည်းအဝေးတက်ရောက်လာကြတဲ့ အာဆီယံခေါင်းဆောင်တွေကို ပြသတဲ့အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကိုလည်း မဲလ်ဘုန်းမြို့မှာ ဒီနေ့ကျင်းပသွားဖို့ ရှိနေပါတယ်။

ဩစတြေးလျအစိုးရဟာ စစ်ကောင်စီလက်အောက်ခံ လုပ်ငန်းတွေကို ပံ့ပိုးတဲ့ အဓိကဘဏ်ကြီးနှစ်ခုနဲ့ စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီတင်သွင်းပေးတဲ့ ကုမ္ပဏီသုံးခုတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကမှ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။