NVC ကတ်ကိစ္စ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင်တွေ ဆန္ဒပြ


2018.05.07
nvc-card-protest-622.jpg NVC ကတ်နဲ့ပတ်သက်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရုံးမှာ ၂၀၁၈ ခုနှစ်၊ မေလ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား NVC နဲ့ ပြည်တွင်းမှာ လှည့်ပတ်သွားလာခွင့် ပေးလိုက်တာကြောင့် နိုင်ငံတော် လုံခြုံရေးနဲ့ အမျိုးသားရေးပြဿနာတွေဖြစ်လာမှာကို စိုးရိမ်ကြောင်း ဒီနေ့ နေပြည်တော် ပျဉ်းမနားမြို့နယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေက ပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ကော့ဘဇားခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ကနေပြန်လာမယ့် နေရပ်စွန့်ခွာသူတွေကို NVC ကတ်ထုတ်ပေးပြီး ငါးလအတွင်း နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ကတ်ကိုင်ဆောင်သူတွေ လွတ်လပ်စွာသွားလာခွင့်ရှိတယ်လို့ ပြောကြားမှုအပေါ် အခုလိုကန့်ကွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

NVC ကတ်ဟာ နိုင်ငံတွင်းနေထိုင်တယ်ဆိုတာကို အသိအမှတ်ပြုတာသာဖြစ်ပြီး ပုံစံ ၄ ဖြည့်ပြီးမှသာ သွားလာခွင့် ပြုကြောင်းနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအရသာ နိုင်ငံသားဖြစ်မှုကို ဆောင်ရွက်မယ်လို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက မကြာသေးခင်က ပြောကြားထားပါတယ်။

ဆန္ဒပြပွဲကို ပျဉ်းမနားဒေသခံအချို့လည်း တက်ရောက်ခဲ့ပြီး လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ အလားတူ ဆန္ဒပြပွဲတွေကို လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ် ပါတီရုံးတွေမှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။