NVC ကတ်ကိစ္စ စစ်တွေမှာ ဆန္ဒပြ


2018.05.13
protest-against-nvc-sittwe-622.jpg ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို စီစစ်ပြီးမှ NVC ကတ်တွေ ထုတ်ပေးဖို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြ တောင်းဆိုစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို စိစစ်ပြီးမှ NVC ကတ်တွေ ထုတ်ပေးဖို့ စစ်တွေမြို့မှာရှိတဲ့ တက်ကြွ လှုပ်ရှားသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

တိတိကျကျ စိစစ်မှုတွေပြုလုပ်ပြီးမှ ထုတ်ပေးဖို့လိုအပ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။

"အဲဒါကို သူတို့က တိတိကျကျ စုံစမ်းရမယ်၊ စစ်ဆေးရမယ်၊ စုံစမ်းစစ်ဆေးခြင်းမပြုပဲနဲ့ အဲဒီလိုသာ ပေးလိုက်မယ် ဆိုလို့ရှိရင် မကြာခင်မှာ ကျမတို့ မြန်မာနိုင်ငံရော ရခိုင်ပြည်နယ်ပါ ကုလားတွေရဲ့လက်အောက်ကို ကျရောက်နိုင် တဲ့အတွက် အဲဒါကို ကျမတို့က ကန့်ကွက်တာပါ"

မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း တစ်ဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်နေတဲ့ မွတ်စလင်တွေရှိနေပြီး အစိုးရက သူတို့ကိုပါ NVC ကတ်ထုတ်ပေးမှာကို စိုးရိမ်မိတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ရခိုင်အလင်းတံခါးအဖွဲ့ တက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တာဖြစ်ပြီး အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံရဲ့ဥပဒေကိုလေးစားပါ၊ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။