အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်

RFA Burmese
2025.04.18
အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင် အင်းစိန်ထောင်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်တွင် လွတ်မြောက်လာသည့် ဒါရိုက်တာစတီးအား တွေ့ရစဉ်။
Okka Kyaw’s facebook

မြန်မာနှစ်ဆန်း (၁)ရက် ဧပြီလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဧပြီလ၁၈ရက် ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

အကျဉ်းထောင် ၃၃ ခုကနေ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦးလွတ်မြောက် လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၄၈၉၃ ဦးကို ဧပြီလ ၁၇ ရက်မှာ လွှတ်ပေးခဲ့ပြီး လွတ်မြောက်လာသူတွေဟာ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေပါ တပါတည်းကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်ကြေညာခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၁၀၆,၆၂၂ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ ISP-Myanmar ရဲ့စာရင်းတွေအရ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ဝန်းကျင်သာပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။