၂ဝ၁၅ ခုနှစ် စိန်ခေါ်မှုတွေ အကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား


2015.02.07
president-theinsein-305 မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ပုံ
Photo: President Office Website

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး စတဲ့ ကိစ္စရပ်တွေဟာ ၂ဝ၁၅ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ် လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ် မှုတွေအလွန်မြင့်မားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်၊ ယခုနှစ်အတွင်း ကျင်းပပြုလုပ်ဖို့ရှိတဲ့ ရွေးကောက် ပွဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာ ချုပ်ဆိုနိုင်ဖို့ရှိတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ အစိုးရဌါနများ ပြုပြင်ပြောင်းလဲမှုနဲ့ အခြေခံဥပဒေ ပြင်ဆင်မှု ဆိုင်ရာကိစ္စရပ်များဟာ ကြီးမားစွာကျော်လွှားရမယ့် ပြင်ဆင်မှုနဲ့ အောင်မြင်ရရှိအောင် ဆောင်ရွက်သွား ရမယ့် ကိစ္စရပ်များဖြစ်တယ်ဆိုတာ အလေးအနက် ခံယူဆောင်ရွက်လျှက်ရှိပါတယ်"

နိုင်ငံတော် သမ္မတက ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေး မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဖွံံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။