ရပ်ဘော့တံတားဖွင့်ပွဲ သမ္မတ တက်ရောက်


2018.01.13
htinkyaw-kachin-622 နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က ပူတာအိုလေဆိပ်ကို ရောက်ရှိစဉ်
Photo : Saikyaw Thu - facebook

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ရပ်ဘော့ တံတားဖွင့်ပွဲကို ဒီနေ့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့အတွက် ပူတာအို ဒေသအပါအဝင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း ပူတာအိုမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေက ပြောပါတယ်။

"ကျနော်တို့ ကချင်ပြည်နယ်မှာကျတော့ တိုင်းရင်းသားတွေက ဂျိန်းဖော၊ ရှမ်း၊ လီဆူ၊ ရဝမ်၊ တခြားလည်းရှိ တာပေါ့ဗျာနော့။ အားလုံးက မျှော်လင့်ချက်နဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့ ငြိမ်းချမ်းရေးအတွက်လည်း ပြည်သူလူထု ရဲ့ကြားမှာ ပိုပြီးတော့မှ ဖြစ်နိုင်တဲ့အလားအလာပေါ့ဗျာနော့၊ ကျနော့်အနေနဲ့တော့ မြင်မိပါတယ်ဗျ။ အဓိက ဒေသခံပြည်သူတွေက ပထမဦးဆုံးရောက်တဲ့ သမ္မတ၊ ပြည်သူ့သမ္မတဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေက အားလုံးဝမ်းသားပြီးတော့ ပီတိဖြစ်နေတယ်ဗျ။ နောက်ပြီး ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့မှလည်း တိုင်းရင်းသားတွေကလည်း စုံတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ အစိုးရလက်ထက်မှာ ပိုပြီးတော့မှ အားသာချက်ရှိတာပေါ့ဗျာ။ ငြိမ်းချမ်းရေးရဖို့အတွက်လေ"

နိုင်ငံတော်သမ္မတနဲ့အတူ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ဆောက်လုပ်ရေး စတဲ့ ပြည်ထောင်စု ဝန်ကြီးတွေလည်း လိုက်ပါလာခဲ့ပါတယ်။

ရပ်ဘော့တံတားဟာ ပူတာအိုခရိုင် နောင်မွန်းမြို့နယ် ကဆန်ချောင်းပေါ်မှာ ဆောက်လုပ်ထားတာပါ။ အဲဒီ တံတားဟာ အရှည်ပေ ၅၀၀ ရှိတဲ့ ဘေလီတံတားဖြစ်ပြီး မချမ်းဘော့-ဖရူးခ-ရပ်ဘော့-နောင်မွန် တို့ကို ဆက်သွယ်ထားတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်မှာ ကချင်ပြည်နယ်ကို ပထမဆုံး ရောက်ရှိလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။