ယင်းမာပင် ရဲတပ်ရင်း ၂၈ တိုက်ခိုက်ခံရ

2022.02.19
ယင်းမာပင် ရဲတပ်ရင်း ၂၈ တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရဲတပ်ရင်း ၂၈ စခန်းကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရဲတပ်ရင်း ၂၈ စခန်းကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေက ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညပိုင်းမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။

အဲဒီ ရဲတပ်ရင်း ၂၈ စခန်းကို ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တို့က PDF တပ်ဖွဲ့ ၇ ဖွဲ့လောက်က စုပေါင်းတိုက်ခိုက်ခဲ့တာလို့ မြောက်ယမား PDF က ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က RFA ကို ပြောပါတယ်။

“ညက တစ်ညလုံးနီးပါး အပြန်အလှန်ပစ်ကြတာ၊ ၁၁ နာရီနောက်ပိုင်းမှပဲ နားပြီးပြန် ပစ်တာ၊ သူတို့ တပ်စွဲထားတဲ့ ကင်းစခန်းတွေကို အဓိကထားပစ်တာမို့ သူတို့ဘက်က အထိခိုက်ရှိနိုင်တယ်၊ ကာကွယ်ရေးတပ်သားတွေကတော့ အထိခိုက်မရှိ နောက်ဆုတ်နိုင် ခဲ့တယ်“

ရဲတပ်ရင်း ၂၈ စခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရသူ ပြန်ကြား ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အတည်ပြုနိုင်ဖို့ ဆက်သွယ်နေဆဲဖြစ် ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့မနက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ယင်းမာပင် မြို့ပေါ်က လမ်းတွေပေါ်မှာ စစ်ဆေးတာတွေနဲ့ ရဲတပ်ရင်း ၂၈ အနီးက ရွာတွေထဲတပ်စွဲကာ စစ်ဆေးနေကြတယ်လို့လည်း ဆိုပါတယ်။

ယင်းမာပင်မြို့နယ်ထဲ စစ်ရေးအရှိန်မြှင့်မယ်လို့ ယင်းမာပင် PDF တပ်ဖွဲ့ဝင်တွေက ဒေသခံ တွေကို အသိပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ထားသလို လက်ရှိ အချိန်အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ စစ်ရေးတင်း မာနေကြတယ်လို့ ဒေသခံတွေကလည်း အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က အဲဒီရဲတပ်ရင်းအနီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အနီးနားက အောင်မိုးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပြီး အိမ် အလုံး ၂၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်တွေနဲ့ မြောက်ယမား PDF တို့ တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့လို့ ယင်းမာပင်မြို့နယ်ထဲက ကောင်းဆင့်ရွာ၊ ရွာသာယာရွာ၊ နှောရိုးရွာ၊ တည်ပင်ကန်ရွာ၊ မြို့သစ်ရွာ ရွာပေါင်း ငါးရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးခဲ့ ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။