ရပ်နားထားတဲ့ လွှတ်တော်တွေ ဇန္နဝါရီလ ပြန်ကျင်းပမယ်

လတ်တလောရပ်နားထားတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို အခုလာမယ့် ၂၀၁၂ ခု ဇန္နဝါရီလ ဒုတိယအပတ်အတွင်း ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။

2011.12.06
military-parliament-305 လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
AFP

ပထမအကြိမ်လွှတ်တော်ရဲ့ တတိယအစည်းအဝေး ပြန်လည်ကျင်းပမယ့် အချိန်ကာလနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှာကြားထားပြီးကြောင်း NDF ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဥပဒေမူကြမ်းတွေထဲမှာ လာမယ့်၂၀၁၂-၂၀၁၃ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်အတွက် ရသုံးမှန်းခြေ ငွေစာရင်းကို အဓိကထား ဆွေးနွေးဖို့ရှိပြီး လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေတွေကိုလည်း ဆက်ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

ပညာရေး ကျန်းမာရေး ကာကွယ်ရေး ကဏ္ဍတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို ဘယ်လောက်ရာခိုင်နှုန်းစီ သုံးစွဲသွားမလဲ ဆိုတာကို အချေအတင် ဆွေးနွေးသွားဖို့ရှိကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ကိစ္စ ဆွေးနွေးရာမှာ စီးပွားရေးတက္ကသိုလ်က ပါမောက္ခတွေ ပါဝင်မှာဖြစ်သလို အမျိုးသားစီမံကိန်းရေးဆွဲရေးဌာန ကျွမ်းကျင်ပုဂ္ဂိုလ်တွေလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။