မတ္တရာတောင်သူ ၁ဝဝ ကျော် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ


2015.02.20
mattayar-farmers-protest-305 မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့နယ်မှာ အစိုးရကသိမ်းယူ ထားတဲ့ မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဒေသခံတောင်သူတွေ ဝင်ရောက်ထွန်ယက်စဉ်
Photo: Nay Thwae/RFA

မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့နယ်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့ ရေနံ့သာစိုက်ကွင်းက မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဒီနေ့မနက်က ဒေသခံတောင်သူ ၁ဝဝ ကျော်က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

မြေသိမ်းခံရပြီးနောက်ပိုင်း အခက်အခဲတွေ ကြုံတွေ့နေ ရတဲ့အတွက် မြေပြန်လည်ရရှိတဲ့အထိ ထွန်တုံးတိုက်ပွဲ ဝင်သွားမယ်လို့ လယ်မြေဆုံးရှုံးခဲ့တဲ့ မတ္တရာမြို့ နယ် ရေနံ့သာရွာသား ကိုမြင့်တင်က ပြောပါတယ်။

"ကျနော်တို့မှာ ဘဝကနာလှပြီ၊ ခံလည်းခံထားခဲ့ရ တာလည်း များလှပြီ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကတော့ ပြောမယ်ဆိုလို့ရှိရင်တော့ မဖြစ်ဖြစ်အောင် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ပဲ စိတ်ကူးထားတယ်"

မတ္တရာမြို့နယ်က ကျောက်စရစ်၊ ရေနံသာနဲ့ တံငါမြောက်ရွာက လယ်မြေတွေကို ၁၉၈၈ မတိုင်မီလောက်က လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းဆည်းခဲ့တာပါ။

အဲ့ဒီမြေတွေကို လယ်ဆည်ဝန်ကြီးဌာနက ဒေသခံလယ်သမားတွေကို သီးစားပြန်ချပေးထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။