OIC ထိပ်သီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည်
2012.07.31
အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ တခြား ဘာအကြောင်းကိုပဲ ဖြစ်စေ အခြေခံပြီး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း မိမိတို့ရဲ့ ရပ်တည်ချက်ဟာ တစ်သဘောတည်း ရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကို အထူး သံကိုယ်စားလှယ် စေလွှတ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းလေ့လာခဲ့ကြောင်း၊ မိမိတို့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တစ်နိုင်ငံချင်း အနေနဲ့လည်းကောင်း၊ နိုင်ငံအများနဲ့ သော်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး ဆိုတာ မဟုတ်ပါကြောင်း စသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတယ်လို့ ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။