ရိုဟင်ဂျာအရေး နိုင်ငံတကာကူညီဖို့ OIC တောင်းဆို


2018.05.07
rohingya-camp-622.jpeg ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Reuters
မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စကို ကိုင်တွယ်ဖြေရှင်းတာဟာ နိုင်ငံတကာဥပဒေကို ဆိုးဆိုးဝါးဝါးချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီပြဿနာနဲ့ ပတ်သက်ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာ အသိုင်းဝိုင်းက ကူညီပံ့ပိုးကြဖို့ အစ္စလာမ္မစ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ OIC ခေါ် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံကို တက်ရောက်လာတဲ့ အဖွဲ့ဝင် ၅၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေက အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး OIC အနေနဲ့ ကုလသမဂ္ဂ အပါအဝင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးဆို ဖြေရှင်းသွားမယ်လို့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တာဟာ လူမျိုးစုရှင်းလင်းသုတ်သင်ရေး လုပ်ရပ်အဆင့်ဖြစ်တယ်လို့လည်း ထပ်မံ စွပ်စွဲခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အလီက တက်ရောက်လာတဲ့ OIC ကိုယ်စားလှယ်တွေကို ပြောကြားရာမှာ ရိုဟင်ဂျာသိန်းချီပြီး ဝင်ရောက်လာတဲ့အတွက် လူသားချင်းစာနာမှုနဲ့ လုံခြုံရေးပြဿနာတွေ ရင်ဆိုင်နေရချိန် OIC နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တသားထဲရပ်တည်ဖြေရှင်းဖို့ ကတိပြုခဲ့ကြတယ်လို့လည်း ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။