ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး၀န်ကြီးပြော

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

2012.01.26
norway-fm-traders-b305 နော်ေ၀ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရားနဲ့ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းတို့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်။
RFA

နော်ေ၀ နိုင်ငံခြားရေး ဝန်ကြီးဟာ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ တရား မျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးပါက အပြန်အလှန် အနေနဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးနိုင်ပြီး မြန်မာ နိုင်ငံဟာ ကမ္ဘာ့အလယ် ကိုယ့်လမ်းကိုယ် လွတ်လွတ်လပ်လပ် သွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုသွား ပါတယ်။

နော်ေ၀ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဦးစိုးသိမ်းနဲ့ တွေ့ဆုံရာမှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့် အပါအဝင် ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။