NNER ဒုတိယအကြိမ် ညီလာခံ ယနေ့ စတင်ဖွင့်လှစ်
2015.06.17

မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဒီနေ့ ဇွန်လ ၁၈ ရက်နေ့ကနေ ၂ဝ ရက်နေ့ထိ ရန်ကုန်မြို့မှာ ၃ ရက်တာကျင်းပမှာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ကွန်ရက်ဖွဲ့စည်းခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေသုံးသပ်တာ၊ ရှေ့လုပ်ငန်း စဉ်ဆွေးနွေးတာတွေအပြင် ဒီမိုကရေစီပညာရေးစနစ်တစ်ခု ပေါ်ပေါက်လာဖို့ ကွန်ရက်ကို ပိုမိုကျယ်ပြန့်အောင် ကြိုးစားမယ့်အစီအစဉ်တွေပါဝင်တယ်လို့ NNER အဖွဲ့ဝင် ဒေါ်သူသူမာက RFA ကိုပြောပါတယ်။
ညီလာခံကို တိုင်းနဲ့ပြည်နယ်အသီးသီးက ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေနဲ့ ပညာရှင်တွေတက်ရောက်မှာဖြစ်ပြီး ခဝဲခြံမျက်မမြင်ကျောင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ NNER ကွန်ရက်အဖွဲ့ဝင် ဒေါ်သူသူမာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။