ပိတ်ဆို့မှု ဆက်လက်ထားရှိရေး ကြေညာချက် NLD ထုတ်ပြန်မည်
2011.02.07

(Photo: AFP)
ပစ်မှတ်ထား
ပိတ်ဆို့မှု ဆက်လက် ထားရှိေရးဆိုတဲ့ NLD ရဲ့ သဘောထား
ကြေညာချက်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ဖေဖော်ဝါရီ ၈ ရက် မနက်ဖြန်မှာ အပြည့်အစုံ
ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ဒီကြေညာချက်ကို မူလက ဒီကနေ့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိပေမဲ့ အပြီးသတ် ညှိနှိုင်းတာတွေကို ဒီကနေ့ ထပ်မံ ပြုလုပ်နေတာကြောင့် မနက်ဖြန်ကျမှ ထုတ်ပြန်ဖို့ ရက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြန်မာ့အရေး စိတ်ဝင်စားတဲ့၊ တောင်ကိုရီးယား ကျောင်းသားအဖွဲ့တဖွဲ့ဟာ ဒီကနေ့ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေး အကြောင်းတွေကို လေ့လာ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါတယ်။
အဲဒီ တောင်ကိုရီးယား ကျောင်းသားအဖွဲ့မှာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆ ယောက် ပါဝင်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မနက် ၁၀ နာရီလောက်မှာ လာရောက် တွေ့ဆုံခဲ့တယ်လ့ို ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။