ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌဖြစ်ရေးသတင်း မဟုတ်မှန်ကြောင်း NLD ပြော


2015.01.09
dassk-parliment-305.JPG ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

အပတ်စဉ်ထုတ် The Trade Times ဂျာနယ်မှာ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌနေရာ အတွက်သာ ကြိုးစားမယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှုမရှိကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

အဲဒီသတင်းဟာ မှန်ကန်မှုမရှိသလို ပါတီရဲ့သဘော ထားနဲ့ ရပ်တည်ချက်မဟုတ်တဲ့အတွက် အခုလို ကြေ ညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

"The Trade Times မှာပါတဲ့ကိစ္စပေါ့နော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားလည်း မဟုတ်ပါဘူး၊ မူလည်းမဟုတ်ပါဘူးဆိုတာ ထုတ်တာပါခင်ဗျ၊ ကျနော်တို့က ဒီလိုရှင်းထားတာပါ"

ဒီလ ၈ ရက်နေ့ကထုတ်တဲ့ The Trade Times ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းရေးသားထားတာဖြစ်ပါတယ်။

အဲဒီသတင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရှင်က “ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဆိုပြီး The Trade Times နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး NLD ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ရှင်ကို မေးမြန်းရာမှာ သူ့အနေနဲ့ အဲဒီလိုသဘောမျိုး ပြောကြားခဲ့တာမရှိကြောင်း ဖြေရှင်းခဲ့တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။