အင်န်အယ်လ်ဒီလူငယ် ၈ ဦး ပိုလန်ဒီမိုကရေစီစနစ် လေ့လာ

ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ၈ ဦးဟာ ပိုလန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို တစ်ပတ်ကြာ လေ့လာဖို့ ပိုလန်နိုင်ငံကို ရောက်နေပါတယ်။

2011.12.12
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ဘယ်လို အခြေခံတွေ တည်ဆောက်ခဲ့တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ဒီခရီးစဉ်အတွင်း လေ့လာပြီး မြန်မာနိုင်ငံမှာ ပြန်လည် အသုံးချနိုင်မှာပါလို့ လေ့လာရေးအဖွဲ့ဝင် မအေးအေးငြိမ်းက ဆိုပါတယ်။

၁၉၈၉ ခုက တွေ့ဆုံဆွေးနွေးပြီး ကွန်မြူနစ် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကူးပြောင်းနိုင်ခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ အတွေ့အကြုံတွေနဲ့ အဲဒီအချိန်က ပေါ်ပေါက်ခဲ့တဲ့ ပိုလန်ပြည်သူတွေရဲ့ Solicitor ခေါ် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုအကြောင်းကို ဒီဇင်ဘာလ ၁၇ ရက်အထိ လေ့လာကြပါမယ်။

ပိုလန်နိုင်ငံမြို့တော် ဝါဆောမှာလည်း ပိုလန် အုပ်ချုပ်ရေးစနစ်နဲ့ ပညာရေးစနစ်တွေကို လေ့လာပါမယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။