ရွေးကောက်ပွဲကော်မရှင် NLD ကို မှတ်ပုံတင် ချပေး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို တရားဝင်ပါတီ အဖြစ် အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီကနေ့ မှတ်ပုံတင် ချပေးလိုက်ပါတယ်။

2012.01.05

NLD ပါတီကို တရားဝင်ပါတီ ဖြစ်အောင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး စည်းကမ်းချက်တွေနဲ့ ညီညွတ်တာကြောင့် အခုလို ပါတီမှတ်ပုံတင် ချပေးလိုက်တာလို့ ယုံကြည်ကြောင်း NLDပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲတွေကို ဧပြီ ၁ ရက်မှာ ကျင်းပဖို့ မြန်မာ အစိုးရက ကြေညာထားပြီး လစ်လပ်နေတဲ့ ၄၈ နေရာလုံးမှာ NLD ပါတီက ဝင်ပြိုင်သွားမယ်လို့ သိရပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန္နဝါရီ ၁၁ ရက်နဲ့ ၁၆ ရက်ကြား ထုတ်ပြန်သွားမယ်လို့ ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီကို တရားဝင်ပါတီ အဖြစ် မှတ်ပုံတင် ချပေးလိုက်တာနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။