NLD ပါတီနဲ့ တိုင်းရင်းသား ပါတီများ ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေး


2014.07.27

ရွေးကောက်ပွဲတွေနဲ့ သက်ဆိုင်တဲ့ ညွှန်ကြားချက်တွေထုတ်ပြန်ရာမှာ နိုင်ငံရေးပါတီတွေနဲ့ အချိန်ပေးဆွေးနွေး ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာရေးသားတောင်းဆိုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဒီကနေ့ သဘောတူညီခဲ့ကြပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ အခုလို သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ ဇိုမီးအမျိုးသားကွန်ရက်ပါတီ ခေါင်းဆောင် ဦးပုကျင်ရှင်းထန် က ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က အကြိမ်ကြိမ်တော့ ခေါ်ပါတယ်၊ ဒါပေမဲ့ ဖြေရှင်းဖို့၊ ပြောဖို့အချိန်တွေ မပေးပဲနဲ့ သူတို့လိုချင်တဲ့ အချက်တွေပဲပြောပြီးတော့ ပြီးဆုံးသွားပါတယ်၊ အဲ့ဒါတွေကို ကျနော် တို့ ပြောစရာတွေ ဖြေစရာတွေ ရှိရဲ့သားနဲ့ အချိန်မပေးတော့ အဲ့ဒါကို မကျေနပ်လို့ ကျတော်တို့ပြန်ပြီးတော့ ကော်မရှင်ကို အကြောင်းကြားရအောင် ကော်မရှင်ရဲ့ အကြံဆန္ဒပြုပြီးတော့ ဒီလိုဖြေ ရှင်းခွင့်တွေ၊ ဒီလိုပြောဆိုခွင့်တွေ အချိန်အပြည့်အဝပေးဖို့ ကျနော်တို့ဆွေးနွေးတာ စာလည်းတင်မယ်၊ စာတင်ဖို့ ကျနော်တို့ အားလုံးသဘောတူပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ပြင်ဆင်ပေးဖို့နဲ့  ကော်မရှင်မှာတာဝန်ထမ်းဆောင်သူတွေဟာ နိုင်ငံရေးပါတီကနေ ငါးနှစ် ကင်းလွတ်သူ ဖြစ်သင့်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။