ကြားဖြတ်ရွေးကောက်ပွဲ အတွက် အင်န်အယ်လ်ဒီ အကြမ်း ညှိနှိုင်း
2011.11.23

(Photo: AFP)
အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းမြင့်တို့ကတော့ မနက်ဖြန် နေပြည်တော်ကို ခရီးထွက်ခွာမှာ ဖြစ်ပြီး သောကြာနေ့ ကျရင် ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီ ပြန်လည် မှတ်ပုံတင်ခွင့်ပေးရေး လျှောက်ထားမယ်လို့ သိပါတယ်။
လာမဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်တဲ့အခါ ပြည်သူတွေ မဲပေးနိုင်ဖို့ သတ်မှတ်မဲ့ အင်န်အယ်လ်ဒီ ပါတီ အမှတ် တံဆိပ်ကိုတော့ လက်ရှိ အင်န်အယ်လ်ဒီ ပါတီ အလံကိုပဲ အနည်းငယ် ပြုပြင်ပြီး သုံးသွားဖွယ် ရှိကြောင်း အမည်မဖေါ်လိုတဲ့ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင် တချို့က အာရ်အက်ဖ်အေကို ပြောပါတယ်။
အဖွဲ့ချုပ်ရဲ့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |