ဒေါက်တာမြဉာဏစိုးကို NLD က ပါတီဝင်အဖြစ် လက်ခံ
2012.02.20

RFA
ဒါကြောင့် အန်အယ်လ်ဒီပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီးနောက်ပိုင်း ဒေါက်တာ မြဉာဏစိုးဟာ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး
အမျိူးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်လေးမြို့နယ်က ဝင်အရွေးခံကြမယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးအတွက်
ပါတီက တာဝန်ပေးထားတယ်လို့ ဒေါက်တာမြဉာဏစိုးက ပြောပါတယ်။ ဒေါက်တာမြဉာဏစိုးဟာ ၂၀၁၀ ရွေးကောက်ပွဲကာလက အန်အယ်လ်ဒီက ခွဲထွက်သွားတဲ့ အမျိူးသား
ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။
ဒါပေမယ့် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ၂၀၁၀ နိုဝင်ဘာလမှာ လွတ်မြောက် လာပြီးတဲ့နောက် မိခင်ပါတီနဲ့ NDF ပြန်လည်
ပေါင်းစည်းရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် NDF ပါတီက နှုတ်ထွက်ပြီး အန်အယ်လ်ဒီပါတီဝင်အဖြစ် ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်မှာ လျှောက်လွှာတင်သွင်းခဲ့
တာဖြစ်ပါတယ်။